နေပြည်တော်၊ သြဂုတ်လ(၁၄) -
(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အကြို တံခွန်စိုက် ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို သြဂုတ် (၁၃) ရက် နံနက် (၁၀)နာရီက အဆိုပါ ၀န်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကြီးတွင် အောင်မြင်မှု ရရှိစေရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် အုပ်ချုပ်သူနည်းပြ များအနေဖြင့် ယခင်ကထက် ပိုပြီး အားကစားသမားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်ရေး ပိုင်းများတွင် ဂရုတစိုက် ဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် ကျန်ရှိနေသော ငါးလအတွင်းတွင် ရေကုန်ရေခန်း ကြိုးစားလေ့ကျင့်ပြီး ရွေှ့တံဆိပ်ဆုရရှိအောင် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်သူများ ဖြစ်အောင် ကြိုးစားကြရန်ဖြင့် မှာကြားသည်။