ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ရန်ကုန်မြို့အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ အောက်တိုဘာလ (၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၁၇-၁၀-၂၀၁၂ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်စစ်ဆေးရာ အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျောင်း၏ တစ်နေတာ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ သက်မွေးပညာရပ်များဖြစ်သော ယက္ကန်းလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ ဇာထိုးပန်းထိုးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာန၏ထုတ်ကုန်ပစ္စည်းများကို အရောင်းပြခန်းတွင် ယခင်ကထက်ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

02

FacebookTwitter