ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက် တွေ့ဆုံခြင်း
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ မေလ ၁၁ -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ ၁၁ ရက် နေ့နေ့လည် (၁၃း၀၀)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Unicef Nations Children’s Fund မှ Chief, Social Prolicy and Child Rights Monitoring ဖြစ်သူ Mr.Samman J.Thapa ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာ့အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော် နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးကို
အကောင်အထည်ဖော်မည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှုးချူပ်များ အား အသိပညာပေးခြင်း ကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆက်စပ်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ထို့အပြင်အရေးပေါ် ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူမှုကာကွယ်စောင့်ရှောက်ရေး စနစ် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပြင် ရက်သတ္တပတ် အတွင်းအလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပမည့်ကိစ္စရပ်များ၊ အလုပ် ရုံဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများကို ဖိတ်ကြားရေးကိစ္စများ၊ ဝန်ကြီးဌာနများတွင် ဝန်ထမ်းများအား စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။
အလားတူ (၁၅း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Relief International မှ Country Director ဖြစ်သူ Mr.Joseph Mariampillai ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် Relief International တို့မှ ရေရှည်ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်အတွင်း ပါဝင်သည့် အရေးပေါ်စီမံခန့်ခွဲမှုဌာန (EOC) အတွက် ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များ၊ ထိုအပြင် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးပြီး လျှင်မြန်စွာပံ့ပိုး ကူညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ (၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား UN Women မှ Regional Director ဖြစ်သူ Ms. Robreta Clarke ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN Women တို့ပူးပေါင်း ဆောင်ရွက်နေသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း ကိုအောင်မြင်စွာဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ တွင် ဂျနီဗာမြို့၌ ကျင်းပမည့် CEDAWကော်မတီ (၆၄)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်ရန်အတွက် သင်တန်းနှင့်လိုအပ်သည့် ကိစ္စ ရပ်များကို ပံ့ပိုးအကူညီ ပေးခြင်းကိစ္စရပ်များ၊ UN Women နှင့် MoU ရေးထိုးမည့်ကိစ္စရပ်များ၊ အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက် မည့် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အဝန်းစီမံချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံမှ ပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။