လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ် မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေး ကာကွယ်ရေး တာတမံ ပိုမို အဆင့်မြှင့်တင်ရန် လိုအပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာဝ ဘေးကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
Nay Pyi Taw20th July 2017 Regional Forum on Policies on Ageing was held at Park Royal Hotel, Nay Pyi Taw on 20th July 2017 . At Opening Ceremony, U Thein Swe, Union Minister of Labour, Immigration and Population delivered Opening Speech. And then Ms.Janet Jackson, Representative (United Nation Population Fund, Myanmar), Mr.Godfred Paul,

၂၀၁၇ ၊ မတ်လ (၁၇)ရက် -

      နံနက် (၁၀း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့ Population Services International တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် Gender Based Violence လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။

နေပြည်တော်၊ မတ် (၁၇)ရက် -

      နေပြည်တော်သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ ပုံမှန်ညှိနှိုင်း အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ရာ(၁၄)ကြိမ်မြောက်ရှိပြီးဖြစ်ပါကြောင်း၊ တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခဲ့သည့် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများအား

နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်း လုပ်ငန်းများအား သတ်မှတ် စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေ(မူကြမ်း)(Socialျွှork Bill) ရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး အား ယနေ့ (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက် -

      လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက် -

      လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၇) -

      ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် ဖားဝပ်ချောင်းရွာ၊ ငါးခူရရွာ၊ မြို့သစ်ရွာ၊ ကပ်ပကောင်းရွာ၊ ရေမျက်တောင်ရွာ၊ ငန်းချောင်းရွာ၊ စံပါယ်ကုံးရွာ၊ ဒိုးတန်းရွာ၊ ခြံပြင်ရွာ၊ စံပါယ်ပင်ရင်းရွာ၊ ရေတွင်းကျွန်းရွာ၊ ကျားခေါင်းတောင်ရွာ၊ ပွင့်ဖြူချောင်းရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံကာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များကို မေးမြန်းဆွေနွေးရာ ဒေသခံများက ပြီးခဲ့သော ပဋိပက္ခ အခြေအနေများကြောင့် ကျေးရွာများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ၀န်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်နယ်အစိုးရဖွဲ့နှင့် ပူးပေါင်း၍ နယ်မြေငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သော လူနေမှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံများနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပြီး ရင်းနှီးပွင့်လင်းစွာ အားပေးစကားပြောကြားပါသည်။