နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလလ ၇ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ် ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ ရေဘေးသင့်သာသနိက အဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဘုရားစေတီပုထိုးများ ပြုပြင်ရန်နှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၈၀)ကို လက်ခံရယူကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၉)၊ နေပြည်တော် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေးအား youth policy development(UNFPA) အဖွဲ့မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ(၃၀) -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ မေခလာ ခန်းမ၌ သြဂုတ်လ ၃၀ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွှဲ့ အစည်းမှ Liaison Officer ဖြစ်သူ Mr. Rory Mungoven ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ် (၂၇) -

၁။ မမျှော်မှန်းနိုင်သော သဘာဝဘေးဒဏ် ကျရောက်လာလျှင် ဘေးသင့်ပြည်သူများအား အလျှင်အမြန် ကူညီထောက်ပံ့မှု ပြုနိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ၂၆-၈-၂၀၁၆ နေ့ နံနက်(၀၃း၀၀)နာရီတွင် ဆင်သေချောင်းရေ ရုတ်တရက် မြင့်တက်စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်း ကျေးရွာနှင့် လက်ပံအိုင် ကျေးရွာတွင်အိမ်(၂၂)လုံး ရေမျောပါပျက်စီးခဲ့ ပြီး (၂၁၂)အိမ် ရေ၀င်ပျက်စီးကာ(၁၀၃၈)ဦး ရေဘေးသင့်‌ခဲ့ကြောင်း ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက် ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတွင် အိမ်(၁၃)လုံး ရေမျောပါပျက်စီးကာ (၅၀)ဦး ရေဘေးသင့်ခဲ့ကြောင်း

နေပြည်တော်၊ သြဂုတ်လ(၂၆) -

     မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွှက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက လှူဒါန်းငွေကျပ်သိန်း(၁၀၀) အားလည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် သဘင်အစည်းအရုံးက လှူဒါန်းငွေကျပ်(၈.၅)သိန်း အားလည်းကောင်း ယနေ့ နံနက်ပိုင်းတွှင် နေပြည်တော်ရှိ ၀န်ကြီးရုံး အစည်းအေ‌၀းခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ (၂၄) -

      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ်(၂၀)သန်းအား သံအမတ်ကြီး Mr.Hong Liang ကလည်းကောင်း၊ State Power Investment Corporation က လှူဒါန်းငွေကျပ်(၁၀)သန်းနှင့် Huawei Myanmar က လှူဒါန်းငွေကျပ်(၁၀)သန်းအား တာဝန်ရှိသူများကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀န်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

၂၀၁၆ခုနှစ်၊ သြဂုတ်လ (၂၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၂၃ရက်နေ့၊ မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Four Paws International အဖွဲ့အစည်းမှ Director of Relief Unit ဖြစ်သူ Mr. Jackson Zee ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      (၂၃.၈.၂၀၁၆)ရက်နေ့ စစ်တွေမူလတန်းကြိုကျောင်းခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး လက်အောက်ရှိ အိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်းအား ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ အမျိုးသမီးများအား သက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရန်အတွက် အပ်ချုပ်စက်အလုံး(၅၀)ကိုလည်းကောင်း၊ စစ်တွေကလေးပြုစုရေးဌာနရှိ နိုင်ငံတော်မှ ကာကွယ် စောင့်ရှောက်ထားသော ကလေးများအတွက် ခြုံစောင်၊ ဆေးစိမ်ခြင်ထောင်၊ ခြင်ဆေးခွေနှင့် အသင့်စားသုံးနိုင်ရန် အစားအစာများအား ရခိုင်ပြည်နယ် ကြက်ခြေနီအသင်းမှ ဥက္ကဌ ဦးခင်မြတ်ဦးမှ ပေးအပ်လှူဒါန်းခဲ့ရာ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ လက်ခံရယူခဲ့ပါသည်။