မြစ်ကြီးနား၊ ၂၄-၆-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကျောက်မျက်ရတနာအသင်းချုပ်မှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ အသင်းရုံးအစည်းအဝေးခန်းမတွင် ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ယနေ့ တွေ့ဆုံရသော အကြောင်းရင်းသည် ဖားကန့်ဒေသရှိ အလုပ်သမားများနှင့် ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျောက်မျက်လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် အကြံပြုချက်များကို သိရှိလိုပါကြောင်း၊ ဖားကန့်ဒေသတွင်ရှိသော အလုပ်သမားများနှင့် ရေမဆေး ကျောက်ရှာဖွေသူများနှင့် ဒေသခံများသည် ဥပဒေနှင့်အညီ အလုပ် လုပ်ကိုင်နေထိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ဒုစရိုက်မှုများ ဖြစ်ပွားမှု လျော့နည်းစေရန် တရားဥပဒေ စိုးမိုးရေးသည် အလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊