အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း
အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (၁၁)ကျောင်းရှိပါသည်။
ကျောင်းများတည်နေရာ
ရန်ကုန် HS - မ- ၁၃၅ ၊ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ဖုန်းနံပါတ် ၀၁-၅၃၆၂၈၀
မန္တလေး HS - မ-၁၆၉ ၊၈၃လမ်း၊၂၅ x၂၆ လမ်းကြား၊အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ၊ ဖုန်းနံပါတ် ၀၂-၄၀ ၃၆၇၉၈
မော်လမြိုင် HS - ရွှေတောင်တန်းရပ် ၊အထက်လမ်းမကြီး၊မော်လမြိုင်မြို့၊ ဖုန်းနံပါတ် ၀၅၇-၂၀၂၇၁၆၆
တောင်ငူ HS - (၁၈)ရပ်ကွက်၊ စည်သူလမ်းတောင်ငူမြို့၊ ဖုန်းနံပါတ် ၀၅၄-၂၃၅၇၁
မြစ်ကြီးနား HS - (၉၂)၊ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဖုန်းနံပါတ် ၀၇၄-၂၂၅၅၈
ဖျာပုံ HS - (၁၂)ရပ်ကွက်၊ ဒုတိယလမ်း၊သီရိအဏ္ဏဝါခန်းမအနီး၊ ရွှေရတုရိပ်သာ၊ ဖျာပုံမြို့၊ဖုန်း ၀၉-၄၂၂ ၇၄၁၁၀၄
ပုသိမ် HS - (၂)ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့ ၊ ဖုန်းနံပါတ် ၀၄၂-၂၅၃၇၃
ရွာငံ HS - (၈၂)ရွှေဖူးရုံအရှေ့တွင်း၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု ၊ ရွာငံမြို့၊ ဖုန်းနံပါတ် ၀၈၁-၆၈၀၁၅
စစ်တွေ HS - အကွက်(၉) ၊ မေယုလမ်း၊ မန်ကျည်းမြိုင်ရပ်ကွက်၊ ရန်ကုန်-စစ်တွေလမ်းမကြီး ၊ ဖုန်း ၀၄၃-၂၂၀၆၇
ဟားခါး HS - ဆေး(၁)ရပ်ကွက်၊ဆေးရုံလမ်းခွဲအနီး၊ဟားခါး ၊ဖုန်း ၀၇၀-၂၁၀၆၈
ထားဝယ် HS - ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့၊ ဖုန်း ၀၅၉-၂၀၂၄၀၀၉
ရည်ရွယ်ချက်
အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်ရန်၊
လက်ခံသည့်အရည်အချင်းသတ်မှတ်ချက်
အိမ်တွင်းမှုသင်တန်းအား စိတ်ပါဝင်စားသူဖြစ်ရမည်။
မြန်မာစာရေးတတ်ဖတ်တတ်ပြီး အတွက်အချက်တတ်ရမည်။
ကျန်းမာကြံ့ခိုင်မှုရှိ၍ ကျောင်းစည်းကမ်းလိုက်နာမှုရှိရမည်။

သင်တန်းကာလ
သင်တန်းအပတ်စဉ်တစ်ခုလျှင် တစ်လခွဲကြာဖြင့် တစ်နှစ်လျှင် သင်တန်း (၈)ကြိမ် ဖွင့်လှစ် သင်ကြားပါသည်။
သင်ကြားပေးသည့် သင်တန်းအမျိုးအစားများ
စက်ချုပ်သင်တန်း (စင်တီမီတာ၊ လက်မ၊ ပုံဆန်း၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ ဘောင်းဘီ)
စက်ရုံသုံးမော်တာစက်ချုပ်သင်တန်း
ဇာထိုး၊ ပန်းထိုးသင်တန်း/ စက်ကြီးပန်းထိုး/ စက်ကလေးပန်းထိုး
မုန့်မျိုးစုံသင်တန်း
မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ သင်တန်း
ပန်းအလှပြင်သင်တန်း/သစ်သီးအလှပြင်သင်တန်း
သီးယိုဆီစိမ်သင်တန်း