လူမှုရေးအသိပညာပေးသင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်း
မကွေးတိုင်းဒေသကြီး၊၁၆.၁.၂၀၁၉
တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူတစ်ရပ်လုံးရရှိခံစားသင့်သော အခွင့်အရေးများကို အပြည်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြုနားလည် လက်ခံ သည့်စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်း များ အကောင်အထည်ဖော်နိုင်ရန် လူမှုရေးအသိပညာပေးသင်တန်းကို (၁၆-၁.၂၀၁၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာမှ ဆောင်ရွက်လျှက် ရှိသော လူမှုရေးလုပ်ငန်းများအား အသိပညာပေးသည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် များမှ ပြည်သူတစ်ရပ်လုံးနဲ့ပူးပေါင်းလက်တွဲပြီး မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူမှုရေအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေသူများရဲ့ အခွင့်အရေးများကို ပိုမိုမြှင့်တင်ပြီး ကာကွယ်စောင့်ရှောက်မှုများ ဆထက်တစ်ပိုးတိုးတက်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း ၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (ECCD)၊ ကလေးသူငယ်အခွင့်အရေးများနှင့် လူမှုရေးဖြစ်ရပ်စီမံခန့်ခွဲစနစ် ၊ အမျိုးသမီးအခွင့်အရေးများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကယ်ရေးအကြောင်းများအား ရှင်းလင်းရာ လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။