ပြည်ထောင်ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား MRCS ၊ ICRC နှင့် IFRC တို့မှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံ


နေပြည်တော်၊ ၂၄.၁.၂၀၁၉
    ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)တို့မှ တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေဆုံရာတွင် လူမှုကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများအား ပိုမိုကျယ်ပြန့် ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှဒုတိယသမ္မတ(၁)ဦး ဆောင်သော အမျိုးသားကော်မတီ၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော လုပ်ငန်းကော်မတီ စသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ရင်ခွင်မဲ့ကလေး စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များစသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းများနှင့် သက်ဆိုင်သောနယ်ပယ်များပါဝင်သဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)တို့နှင့်ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)အနေဖြင့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိရာ ပြီးခဲ့သည့်နှစ်တွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရွှေ့လျားဆးခန်းဖွင့်လှစ်ဆောင်ရွက်မှု၊ ဆေးဝါးထောက်ပံ့မှု၊ မိသားစုများအဆက်အသွယ်ရရှိရေး ကူညီဆောင်ရွက်ပေးမှု၊ အာဟာရဖြည့်တင်းရေး၊ ရေကောင်းရေသန့်ရရှိရေးနှင့် ယင်လုံအိမ်သာများ ဆောက်လုပ်ပေးမှု၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်မှု၊ ရှေးဦးပြုစုခြင်း သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ကျန်းမာရေးအသိပညာပေး အခြေအနေများစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်နေမှုအခြေအနေများ၊ အကူအညီပေးရာတွင် နေရပ်စွန့်ခွာသူများအား ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်း၍ ပေးအပ်နိုင်ရေး၊ ထိုသို့ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ဒေသဆိုင်ရာအခြေအနေနှင့် မလိုအပ်သော ပဋိပက္ခများမဖြစ်ပွားစေရေး၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး လိုအပ်သောနေရာများတွင် Family Shelter များဆောက်လုပ်ပေးနိုင်ရေး၊ စားနပ်ရိက္ခာ ဖြန့်ဖြူးမှုဆိုင်ရာ သတင်းအချက်အလက်များအား ဝန်ကြီးဌာနသို့ မျှဝေပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၂၀၁၉ခုနှစ်တွင်လည်း ကြက်ခြေနီလှုပ်ရှားမှု (Red cross movement) အဖြစ်ဆောင်ရွက်ရန် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရရှိပြီးဖြစ်သောကြောင့် ဝန်ကြီးဌာန နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
FacebookTwitter