၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ ဘားအံမြို့
ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် နိုဝင်ဘာလ (၄) ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး (၃၅၀) ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ...