ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNFPA မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ၂၂.၁.၂၀၁၉
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စား လှယ်အဖြစ်စတင် တာဝန်ထမ်းဆောင်လျက်ရှိသော Mr. Ramanathan Balakrishnan ဦးဆောင်သောအဖွဲကို အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
UNFPA နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနက Life-Cycle approach ဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးကိစ္စများတွင် UNFPA မှပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူငယ်မူဝါဒ အားရေးဆွဲအတည်ပြုနိုင်ခဲ့ပြီးနောက် လုပ်ငန်းစီမံချက်များဖြင့် ဆက်လက်အကောင် အထည်ဖေါ်ရာတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တို့တွင် ဆက်လက်ဆောင်ရွက်လျှက်ရှိသည့် ကိစ္စရပ်များ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှကာကွယ် တားဆီးရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ ကျား/မတန်းတူညီမျှ ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကျင်းပဆောင်ရွက်ခဲ့မှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြင်ဆင်ရေး ဆွဲဆောင်ရွက်မှု အခြေအနေများ၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများအတွက် စိတ်ကျန်းမာရေး၊ စိတ်လူမှုအထောက်အပံ့များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ထိရောက်သောအကျိုးဖြစ်ထွန်းမှု ရရှိမည့်အပေါ်အခြေခံ၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။