ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Asia Philanthropy Circle (APC) လူမှုရေးအသင်းမှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ၁၈
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားUEHRD ပြည်ထောင်စုစီမံကိန်း ၏ International Relations Task Force နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော Asia Philanthropy Circle (APC)လူမှုရေးအသင်းမှ ကိုယ်စားလှယ်များ က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် UEHRD ၏ International Relations Task Force က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်မှုများ မြင့်မားလာရေးအတွက် အသက် မွေးဝမ်းကျောင်းသင်တန်းများပေးနေမှု၊ ပညာရေးဆိုင်ရာရင်နှီးမြှုပ်နှံမှုများ၊ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေးနှင့် လူမှုသဟဇာတမျှတရေးအတွက် UEHRD က ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အာရှဒေသဖွံ့ဖြိုးရေးကို ရှေးရှုလုပ်ကိုင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်     Asia Philanthropy Circle (APC)အဖွဲ့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုတည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊  ရခိုင်ပြည်နယ်လွှတ်တော်၊ ဒေသခံပြည်သူများနှင့်ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter