အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေး

ဖေဖော်ဝါရီ၂၂၊ နေပြည်တော်
    မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကေ်ာမတီ အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများအနက် လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအဆိုပါ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကလေးများအားအဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ ILO Convention 182 ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အတည် ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၁၉၅၁ ခုနှစ၊် အလုပ်ရုံနှင့်အလုပ်သမားအက်ဥပဒေတွင် အလုပ်လုပ်နိုင် သည့် အသက်အရွယ်ကန့်သတ်ချက်ကို ၂၀၁၆ ခုနှစ၊် ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေတွင် လည်း အလုပ်စတင်ဝင်ရောက်နိုင်သည့် အသက်မှာ (၁၄)နှစ်ဟုလည်းကောင်း၊ အသက် (၁၈)နှစ် မပြည့်သေးပါက အန္တရာယ်ရှိသည်ဟုသတ်မှတ်ထားသောလုပ်ငန်းများတွင် အလုပ်မလုပ်စေရဟု ပြဋ္ဌာန်းထားပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်မူကြမ်းရေးဆွဲရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်၍ အစည်းအဝေးများကိုအဆင့်ဆင့် ကျင်းပခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ဒုတိယသမ္မတ(၁) ဥက္ကဋ္ဌ ဖြင့်ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ၊် ဒီဇင်ဘာ လတွင် ကျင်းပခဲ့သောဒုတိယအကြိမ် အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီ(၈)ရပ်၏ အသေးစိတ်စီမံချက်ကို (၄)လအတွင်းတင်ပြရမည်ဖြစ်ရာယခုနှစ် ဧပြီလ ကုန်တွင် တင်ပြရမည်ဖြစ်ပါသဖြင့် အချိန်ကာလနီးကပ်နေပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်တွင် ပါဝင်သင့်သည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ၊ ပူးပေါင်းဆောင်ရွက်ရန် ပါဝင်သင့်သည့်  ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လုပ်ငန်းကော်မတီ ၏ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်(မူကြမ်း) တို့ကိုတင်ပြဆွေးနွေးခဲ့ရာတက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ကော်မတီ ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကသက်ဆိုင်ရာဒေသအလိုက် ပူးပေါင်း ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter