ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၁-၆-၂၀၁၉

    ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏(၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးအကောင်အထည်ဖော် မည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း၊ ဘဏ္ဍာငွေထောက်ပံ့ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များဖြစ်ကြသော  IDPs မိသားစုများအား စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း၊ နေအိမ် ဆောက်လုပ်ပေးခြင်း၊ မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေ ဖော်ထုတ်ပေးမှုနှင့် သီးနှံစိုက်ပျိုးစရိတ် ထုတ်ပေးခြင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လူမှုရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်း တို့အတွက် ဘဏ္ဍာငွေရရှိရေးကိစ္စရပ်များ နှင့် လုပ်ငန်းစီမံချက်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြား ခဲ့ပါသည်။
      အစည်းအဝေးတက်ရောက်သူများက ကချင်ပြည်အစိုးရအဖွဲ့မှ ရေးသားပြုစုထားသည့် ကချင် ပြည်နယ်အတွင်း နေရပ်စွန့်ရသူများ (IDPs)အတွက် မူလနေရပ်သို့ ပြန်လည်နေရာချထားရေး လုပ်ငန်း စီမံချက်အပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ယခုလကုန်ပိုင်းတွင် ကချင်ပြည်နယ်တိုက်ပွဲ ရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

FacebookTwitter