နေပြည်တော်၊ မတ် (၄) မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ မသန်စွမ်းမှု စစ်တမ်းကောက်ယူ ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
မတ် ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင် ပညာရှင် Dr. Harumi Kitabayashi ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ မတ်လ ၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ဆွာချောင်း ရေလှောင်တမံကျိုးပေါက်ခဲ့မှုကြောင့် နေအိမ်များ မျောပါ ပျက်စီးခဲ့သည့် မိသားစုဝင်များကို အိမ်များ ဆောက်လုပ်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဝေးသင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ မတ် ၁ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ State secretary for Development Policy ဖြစ်သူ Ms. Trine Rask Thygesen ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရီဟိုတယ်၌ကျင်းပခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၈)ခု၏ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၄၊ နေပြည်တော် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း မိသားစု ဝန်ထမ်း အိမ်ရာများနှင့် အပျိုဆောင်များသို့ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန် ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကာလအတွင်း ကော်မတီ၏မေတ္တာရပ်ခံချက် ဖြင့် မြန်မာနိုင်ငံမှ တင်သွင်းသည့် သီးခြားအစီရင်ခံစာ နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကော်မတီအကြား ဆွေးနွေးပွဲတစ်ရပ်ကို ၂၂-၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig ၊ ပြည်ပဆက်ဆံရေးဆိုင်ရာ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Mrs. Paola Pampaloni နှင့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmid ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။