ဖေဖော်ဝါရီ ၂၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig ၊ ပြည်ပဆက်ဆံရေးဆိုင်ရာ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Mrs. Paola Pampaloni နှင့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmid ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ဖေဖော်ဝါရီ၂၂၊ နေပြည်တော် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကေ်ာမတီ အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများအနက် လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအဆိုပါ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီလ၂၀ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ Japan Heart နှင့် International Medical Volunteers တို့ ပူးပေါင်း ဆောင်ရွက်သည့် မျက်မမြင်ဆေးပညာအနှိပ်စံသင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုံရှိ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားUEHRD ပြည်ထောင်စုစီမံကိန်း ၏ International Relations Task Force နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော Asia Philanthropy Circle (APC)လူမှုရေးအသင်းမှ ကိုယ်စားလှယ်များ က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ဖေဖော်ဝါရီ ၁၇၊ မုံရွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၃၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အားလုံးအတွက် ကနဦး ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၀၊ အမ်း ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အမ်းမြို့အတွင်း မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါ သည်။
ဖေဖော်ဝါရီ ၁၀၊ အမ်း ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွား လျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။