ဖေဖော်ဝါရီ ၉၊ မအီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှု ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၈ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr. Ben King ဦးဆောင်သောအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Scot Marciel တို့က ယမန်နေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံခဲ့ပါသည်။
ဖေဖော်ဝါရီ ၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့က ယနေ့ နံနက်ပိုင်းနှင့် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံပါသည်။
ဖေဖော်ဝါရီ ၆ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA အား ယမန် နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီလ ၄ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော “မြန်မာနိုင်ငံကလေးများနေ့” ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းနှင့် သီရိရတနာမူလတန်းကြိုကျောင်းတို့မှ ရင်သွေးငယ်လေးများ စုပေါင်း၍ အမှိုက်ကောက်ခြင်းနှင့် အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်း မြို့နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့်် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။
ဇန်နဝါရီ ၃၀၊ နေပြည်တော် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
နေပြည်တော်၊ ဇန်နဝါရီ (၃၀) ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြားခဲ့ပါသည်။