စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးမြို့တွင်ရပ်ရွာအခြေပြုအခြေခံဇာထိုးပန်းထိုး(Hand made) သင်တန်းအား(28.1.2019)ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီးDSW. မော်လမြိုင်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းမှသင်တန်းမှူးဒေါ်ခင်စန်းမော်မှလာရောက်သင်ကြားမှုဆောင်ရွက်ပေးလျက်ရှိပါသည်

ဇန်နဝါရီလ ၂၉၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါကော်မတီ၏ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
သံတွဲ၊ ၂၇-၁-၂၀၁၉ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
သံတွဲ၊ ၂၇-၁-၂၀၁၉ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
သံတွဲ၊ ၂၆-၁-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နှင့် ဂွမြို့နယ်အတွင်း လူမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
နေပြည်တော်၊ ၂၅-၁-၂၀၁၉ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၂၄.၁.၂၀၁၉ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)တို့မှ တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။
ရန်ကုန်၊ ၂၃.၁.၂၀၁၉ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC) ၌ ဇန်နဝါရီ ၂၃ မှ၂၄ အထိ ကျင်းပပြုလုပ်မည့် ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities အကောင်အထည်ဖေါ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
​နေပြည်တော်၊ ၂၂.၁.၂၀၁၉ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စား လှယ်အဖြစ်စတင်တာဝန်ထမ်းဆောင်လျက်ရှိသော Mr. Ramanathan Balakrishnan ဦးဆောင်သောအဖွဲကို အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၂၂.၁.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနံက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။