နေပြည်တော်၊ ၂၁.၁.၂၀၁၉
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို သမ္မတရုံး၏ (၉/၂၀၁၉) အမိန့်ကြေငြာစာဖြင့် ဇန်နဝါရီလ၊ ၇ရက်၊ ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းပေးခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း တွင် ကျင်းပရာကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။