၈.၃.၂၀၂၃၊ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် (၈.၃.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။
၉.၃.၂၀၂၃၊ နေပြည်တော် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
၉.၃.၂၀၂၃၊ မွန်ပြည်နယ် (၉.၃.၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍
၈.၃.၂၀၂၃၊ မွန်ပြည်နယ် မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို (၈.၃.၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နေ့ရက် - ၃.၃.၂၀၂၃ (သောကြာနေ့) (၃.၃.၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍...
၈.၃.၂၀၂၃၊ ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၈.၃.၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်(၁၄) ခရိုင်၊ မြို့နယ်(၄၄) မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ ထူးချွန်အမျိုးသမီးအားကစား သမားများ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲ ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း(၃၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။
ပဲခူး၊ မတ် ၈ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ (၈) ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်(AICHR) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC) တို့၏ စုံညီအစည်းအဝေး (AICHR and ACWC Interface Meeting) နှင့် (၂၆) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (26th ACWC Meeting) တို့သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌတို့မှ Virtual Conferencing ဖြင့် တက်ရောက်ခြင်း ၂ မတ်လ ၂၀၂၃ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AICHR Indonesia နှင့် ACWC Indonesia တို့မှ ကြီးမှူး၍ (၁.၃.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC) တို့၏စုံညီအစည်းအဝေး (AICHR and ACWC Interface Meeting) အားလည်းကောင်း၊ (၁.၃.၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းမှ (၂.၃.၂၀၂၃) ရက်နေ့အထိ (၂၆) ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (26th ACWC Meeting) အား လည်းကောင်း Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။
၁.၃.၂၀၂၃၊ နေပြည်တော် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
၂၇-၂-၂၀၂၃၊ ရန်ကုန်မြို့ သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံနှီးနှောခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ကြီးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ ဖိတ်ကြားခံ ဘိုးဘွားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။