ဧရာဝတီတိုင်း၊ ဇန်နဝါရီလ (၁၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့သို့ သွားရောက်၍ ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီး၊ ‌မြေးတစ်စုမှလှူဒါန်းဆောက်လုပ်နေသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။

နေပြည်တော်၊ ဇန်နဝါရီလ (၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Ms.Janet Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ(၁၂)ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှဦးဆောင်၍ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ အခပေးသင်တန်းအဖြစ် သင်တန်းသားတစ်ဦးလျှင် သင်တန်း ဝင်ကြေးကျပ် ၅၀၀၀၀ိ/- နှုန်းဖြင့် အဆိုပါဂေဟာတွင် ဖွင့်လှစ်လျက်ရှိပါသည်။

မြစ်ကြီးနား၊ ဇန်နဝါရီလ (၈) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈)ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင်‌့အတူ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာ သို့သွားရောက်၍ ဝန်ကြီးဌာနမှ (၅၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းထားသည်‌့ သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရန်နေရာအဖြစ် အသုံးပြုရန် ငွေပျော်စံပြကျေးရွာ မူလတန်းကြိုကျောင်းကို ကြည်‌့ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

မော်လမြိုင်၊ ဇန်နဝါရီလ (၂) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ကျင်းပ ပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်(၁၀၀)နှစ်ကြား အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ‌ပြောကြားရာတွင်

နေပြည်တော်၊ ဇန်နဝါရီလ (၁) ရက် -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့ဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများကို နှစ်သစ်ဦး မင်္ဂလာအဖြစ် အသုံးအဆောင်ပစ္စည်းများနှင်‌့ ထောက်ပံ့ငွေများ လှူဒါန်းပါသည်။

       ၂၀၁၅ ခုနှစ်၊ ဇွန်လနောက်ပိုင်း၌ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် မြန်မာနိုင်ငံအတွင်း ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှု ကာကွယ်စောင်‌့ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ဥက္ကဌ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ရန်ကုန်မြို့၊ အလယ်ရွှေဂုံတိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဓမ္မာရုံ၌ ရွှေသုံးရွှေဆုတောင်းပြည့်ဘုရား (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင်‌့ အသံမစဲ မဟာပဌာန်းပွဲ ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့၊ ကွင်းစ်လန်း နည်းပညာတက္ကသိုလ်(Queensland University of Technology-QUT) မှ ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေး နည်းစနစ်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း အစီအစဉ်သို့ တက်ရောက်ရန်အတွက် သြစတြေးလျနိုင်ငံသို့ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၆)ရက်နေ့ထိ သွားရောက် ခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈း၃၀)တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ မြန်မာနိုင်ငံ၏ပထမဆုံးအခမဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိပြီး အဘိုး/အဘွားများ  စောင့်ရှောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂေဟာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံကာအဘိုး/အဘွားများအပေါ် စေတနာအပြည့်ဖြင့်ပြုစုစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။