ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့် မူလတန်းကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၂.၁၁.၂၀၂၄ရက်နေ့ က အဆိုပါ မူလတန်းကြိုကျောင်း အဆောက်အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) တို့၏ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကို နေပြည်တော်ရှိ M-Gallery Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်သည့် “(၃၅)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)” အခမ်းအနား အား ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ (၂.၁၁.၂၀၂၄)ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) နေ့လည်...
Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများ၊ မူလတန်းကြိုကျောင်းနှင့် နေပြည်တော်ကလေးပြုစုရေးဌာနသို့ ၁-၁၀-၂၀၂၄ ရက်မှ ၈-၁၀-၂၀၂၄ ရက်အထိ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) လာရောက်ခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၈ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနက ပြည်ထောင်စုအဆင့် အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်တွင်းအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ (နောက်ဆုံးမူကြမ်း) ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီတွင် ကျင်းပခဲ့ပြီး အစီရင်ခံစာရေးသားရေးအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၃၇) ဦး တက်ရောက်ခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမ္မာန်တွင် “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို (၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်၌ ကျင်းပဆောင်ရွက်...
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ၂၀၂၄ခုနှစ်အောက်တိုဘာ ၁ ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို (၂.၁၀.၂၀၂၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၁၈)ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီမှ (၂.၁၀.၂၀၂၄)ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) နံနက်(၀၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ဘိုးဘွာရိပ်သာများမှ ကိုယ်စားလှယ်များ၊ ကန်တော့ခံဘိုးဘွားများနှင့် သက်ကြီးရွယ်အို များနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများ စုစုပေါင်း (၃၄၀)ဦး တက်ရောက်ခဲ့ပါသည်။