စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု ရယူနိုင်ရေး အသိပေးကြေညာချက်

ရန်ကုန်၊ ၈.၄.၂၀၂၀ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော Corona virus Disease 2019 (COVID-19) ရောဂါပိုးကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ U PAY Technology Co.,Ltd မှ ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Mask (၂၀,၀၀၀)ခုနှင့် Infrared Thermometer (၁၀)ခု၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်၊ ဒိုက်ဦးမြို့နယ်များအတွက် Mask (၂၀,၀၀၀)ခုနှင့် Infrared Thermometer (၁၀)ခု တို့ကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလူမှု၀န်ထမ်း ရုံး၌ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုယ်စား ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ၅.၄.၂၀၂၀ Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်၍ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နေရာများ၌ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ Online သင်တန်းကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့်ဆောင်ရွက်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမှာစကားပြောကြားခဲ့ပါသည်။
ဧပြီလ၊ ၄ ၊ ၂၀၂၀၊ နေပြည်တော် Corona virus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်း ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community Based Facility Quarantine) ဆောင်ရွက်ပေးနေသည့် နေရာများ၌ အသိပညာပေး ခြင်းနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေေခဲ့ပါသည်။
ဧပြီလ၊ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Coronavirus Disease 2019 (COVID-19) အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ် တုံ့ပြန်ရေးလုပ်ငန်းများတွင် လူငယ်များ ပူးပေါင်းဆောင်ရွက်ရေး နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လူငယ်ရေးရာကော်မတီဝင်များနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ဆောင်ရွက်ခဲ့ ပါသည်။
နေပြည်တော်၊ ၃၁.၃.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်း များ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။

ကူးစက်ရောဂါဘေးအန္တရာယ်ကျရောက်ချိန်တွင် ထုတ်ပြန်ထားသောဥပဒေများကို ပြည်သူများက လိုက်နာခြင်းဖြင့် ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် အသိပေး နှိုးဆော်ချက်။
(မတ်လ ၊ ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ်)

နေပြည်တော်၊ ၂၈.၃.၂၀၂၀ Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။