နေပြည်တော်၊ ဇွန် ၁၈
    မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်း အသင်းများမှ တာဝန်ရှိသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြော ကြားပါသည်။

 ဇွန်၊ ၁၆၊ ပုသိမ်
    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပေးခြင်းနှင့် ရှေးဦးအရွယ်ကလေးများ အတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန်ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆောင်ရွက်ပေးခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပါသည်။

ဇွန်လ၊ ၁၅ ၊ ပုသိမ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊ မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖေါ်ရန် လုပ်ငန်းစဉ်များရေးဆွဲရမည့် ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

နေပြည်တော်၊ ၁၃-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ်(CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာစာချုပ်(CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊
နေပြည်တော်၊ ၁၂-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည့် ကိစ္စများ၊
နေပြည်တော်၊ ၁၁-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံစီးပွားရေးလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာ ရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ပြည်သူများလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိရေး အတွက်
နေပြည်တော်၊ ၁၁-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားနားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့်
နေပြည်တော်၊ ၁၁-၆-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏(၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၈.၆.၂၀၁၉ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇွန်လ(၇)ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီး ညီလာခံဒုတိယနေ့ အခမ်းအနားများဖြစ်သည့် မသန်စွမ်းသူများအပေါ် တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းကလေးများနှင့် မသန်စွန်းအမျိုးသမီးများ၊ မသန်စွမ်းသူများခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊ မသန်စွမ်းသူများ အတွက် တရားမျှတမှုလက်လှမ်းမီရေးစသည့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။