နေပြည်တော်၊ ၈.၆.၂၀၁၉ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားရာတွင် ဆောက်လုပ်လှူဒါန်းမှုအား အရည်အသွေး စံချိန်စံညွှန်းမီစွာဖြင့် ငလျင်ဒဏ်ခံနိုင်သော ခေတ်မီအဆောက်အဦဖြစ်လာရန် ဝိုင်းဝန်း ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေး စစ်ဆေးမှုကို အဖွဲ့များဖြင့် မပြတ်ကြီးကြပ်ရန် အပြင် နမူနာများကို ဓါတ်ခွဲခန်းသို့ပို့၍လည်းစစ်ဆေးရန်လိုပါကြောင်း စံချိန်စံညွှန်းကိုက်ညီဖို့ မြေပြင်၌ ကြီးကြပ် နေသော တာဝန်ခံအင်ဂျင်နီယာသည် အချိန်ပြည့်ကြီးကြပ်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၇-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ဇွန်လ(၆)ရက် နေ့မှ ဇွန်လ(၈)ရက်နေ့အထိကျင်းပသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီး ညီလာခံ၏ ပထမနေ့ကို ဇွန်လ(၆)ရက်နေ့က တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံကို အာဂျင်တီးနားသမ္မတနိုင်ငံအစိုးရ၊ နိုင်ငံတကာမသန်စွမ်းသူများ မဟာမိတ် အဖွဲ့အစည်းနှင့် လက်တင်အမေရိက မသန်စွမ်းသူများ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းကွန်ရက် တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
နေပြည်တော်၊ ၅.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အား အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေပိုင်း၌ လက်ခံတွေ့ဆုံပါ သည်။
နေပြည်တော်၊ ၅-၆-၂၀၁၉ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)နှင့် ဆက်စပ် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် UN Women တို့ ပူးပေါင်းပြီး UNSCR 1325နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် UNSCR1325 သည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်များပေါ် တွင်အခြေပြုကာ ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့ပြီး UNSCR1325 အပါအဝင်ဆက်စပ် ကုလသမဂ္ဂ ဆုံးဖြတ်ချက် စုစုပေါင်း(၅)ခုရှိပါကြောင်း၊
နေပြည်တော်၊ ၄.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
နေပြည်တော်၊ ၄.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF(Myanmar)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi က အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် Ms. June Kunugi က ပြည်ထောင်စုဝန်ကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုစ်အေရီမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ တက်ရောက်မည်ဟုသိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင် ဦးရွက်ပြု၍ တိုးတက်မှုများစွာ ဖြစ်ထွန်းလာခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ညီလာခံတွင် ကမ္ဘာသို့ ဝေမျှခွင့် ရမည်ဖြစ်ကြောင်း၊ UNICEF အနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ မသန်စွမ်းသူများအတွက် နိုင်ငံတော်အဆင့်လုပ်ငန်း စီမံချက်ပေါ်ထွန်းရေး၊
နေပြည်တော်၊ ၃.၆.၂၀၁၉ UPR အကြံပြုချက်များအနက် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစား လွယ်သော အုပ်စုများကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၂)ရပ်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၃.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ညောင်လေးပင်၊ ၂.၆.၂၀၁၉ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာချင်းဆက် တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော် ကိုယ်စားလှယ်တို့က ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်တို့နှင့် ပူးပေါင်းကာ ပြည်သူများ၏ အကျိုးစီးပွားကို အကောင်အထည်ဖော် လျက်ရှိကြောင်း၊ တိုင်းသူပြည်သား အားလုံးသာတူညီမျှခံစားခွင့်ရရှိရေးကြိုးပမ်းလျက်ရှိကြောင်း၊ သာတူညီမျှခံစားရရှိရန်
မကွေး ၊ ၁.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် လူငယ်များနှင့်တွေ့ဆုံပြီး လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။