နေပြည်တော်၊ ၂၅.၅.၂၀၁၉
နော်ဝေနိုင်ငံ၊အော်စလိုမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် ယမန်နေ့က ကျင်းပပြုလုပ်သော ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံ၌ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက်ရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ CEDAW, CRC, CRPD, ICESCR, Beijing Platform for Action, Sustainable Development Goals and UNSCR 1325 စသည့်ကတိကဝတ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မရေးရာအကြမ်းဖက်မှုများပပျောက်စေရန် မူဝါဒများ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်း များကိုချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာမဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကာကွယ်ရေး အထူးကိုယ်စားလှယ်နှင့်ချုပ်ဆိုထားသည့် ပူးတွဲစာချုပ် ( Joint Communique with the Special Representative for Sexual Violence in Conflict) တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊