နေပြည်တော်၊ ၂ .၅.၂၀၁၉ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းများ၏အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့် တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားပါသည်။
နေပြည်တော်၊ ၃၀.၄.၂၀၁၉ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင်
နေပြည်တော်၊ ၃၀.၄.၂၀၁၉ Good Neighbors International (Myanmar) သည် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်၍ စီမံချက်ဒေသအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပညာသင်ကြားခွင့် ရရှိစေရေး၊ ရပ်ရွာ လူထုအား စီပွားရေးတိုးတက်လာစေရေးနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်တွင် နေထိုင် နိုင်စေရေးလုပ်ငန်းများဆောင်ရွက်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbors International (Myanmar) အဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို (၃၀.၄.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးမှ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Good Neighbors International (Myanmar) အဖွဲ့မှ Country Director၊ Mr. Eun Chang Jang နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး Good Neighbors International (Myanmar) အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။
နေပြည်တော်၊ ၂၉.၄.၂၀၁၉ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ရန်ကုန်၊ ၂၈.၄.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစုစောင့်ရှောက် ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာ များနှင့် ကလေးပြုစုရေးဌာနများရှိ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များအား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မုံရွာဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်နာယူ ပူဇော်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာကြား ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။
ရန်ကုန်၊ ၂၇.၄.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီး ဌာနက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair (၅၀)စီး လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအတွက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wheel Chair (၅၀)စီးကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ်ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်။
၂၆.၄.၂၀၁၉ ၊ မကွေးတိုင်းဒေသကြီး (၂၄.၄.၂၀၁၉)ရက်နေ့တွင် သရက်ခရိုင် ၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် သရက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းရွှေမှ အဖွင့်အမှာစကား ပြောကြားပြီး သရက်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၀)မှ သင်တန်းသားအုပ်ချုပ်ရေးမှူး(၃၀)ဦးနှင့် အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှုး(၃၀)ဦးဖြင့် စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပြီး ပါသည်။ သင်တန်းတွင် (CRC) သမိုင်းအကြောင်း ၊ အခြေခံမူ(၄)ရပ် ၊ ကလေးသူငယ်အခွင့် အရေး(၄)ရပ် ၊ ကလေးသူငယ်ဥပဒေနှင့် နည်းဥပဒေများ လူမှုဝန်ထမ်းမှဆောင်ရွက်နေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ရှင်းလင်း သင်ကြားပို့ချခဲ့ပါကြောင်းသတင်းရရှိပါသည်။
၂၆.၄.၂၀၁၉ ၊ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး ၊ မကွေးမူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာသင်တန်းကို (၂၁.၃.၂၀၁၉)ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်ရာ တိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ၊တပ်တွင်းမူလတန်းကြိုကျောင်းများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများမှ ထောက်ပံ့နေသော မူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူ(၆၇)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ဧပြီ ၂၄၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund - LIFT Fund) အား စီမံခန့်ခွဲလျက်ရှိသော UNOPS Myanmar မှ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Katy Webley ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

နေပြည်တော်၊ ၂၃.၄.၂၀၁၉ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)အား ယမန်နေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်