မန္တလေး၊ ၁၇.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များအပါအဝင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၅.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms. Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့က ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံ ခဲ့ပါသည်။ သြစတြေးလျသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သြစတြေးလျအစိုးရမှ ပညာသင်ဆုများပေးအပ်နေမှုအခြေအနေများ၊
မတ်လ ၁၃ ၊ နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ တက်ရောက် ဟောပြော ပို့ချခဲ့ပါသည်။
မတ်လ ၁၃ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council , Country Director, Dr. Richard Sunderland က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊လယ်ဝေး၊ ၉-၃-၂၀၁၉ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအဆင့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီ က အဆိုပါဂေဟာ၌ ကျင်းပသည်။
မတ်လ ၁၀၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း)၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
မတ်လ ၈ ရက်၊ နေပြည်တော် Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ကနေဒါနိုင်ငံ၊ European Union နှင့် အီတလီနိုင်ငံ သံရုံးတို့က ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေ၅ နာရီခွဲတွင် နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပါသည်။
မတ်လ ၁၀၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်လူငယ်သင်တန်း ကျောင်းကို သွားရောက်ကြည့်ရှုခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို အားပေးထောက်ပံ့ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၃လ) ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ချက်များ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
နပွေညျတောျ၊ မတျ ၆ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနည်းပါးသော ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော်၊ လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပခဲ့ ပါသည်။