ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (ECI) အကောင်အထည်ဖော်ခြင်းဆိုင်ရာ မိတ်ဆက်အခမ်းအနားကျင်းပ

             နေပြည်တော်၊ဇူလိုင် ၁၁

              (၁၀.၇.၂၀၁၇)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ လည်းကောင်း ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် ECI အကောင် အထည်ဖော်ခြင်း ဆိုင်ရာ မိတ်ဆက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားသို့ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး မှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာစစ်ဆေး မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် နှင့်ပတ်သက်၍ လူမှုဝန် ထမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစွမ်းရည်ရမှ လည်းကောင်း၊ ECI နှင့်ပတ်သက်သည့် အသေးစိတ်လုပ်ငန်းအစီအစဉ်များအား လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)နေပြည်တော်မှ ဒေါက်တာရဲမြတ်သူက ကျန်းမားရေးနှင့် ကုသမှုဆိုင်ရာရှု့ထောင့် မှလည်းကောင်း၊ ECI နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအား UNICEF မှ ဒေါ်မေသက် သက်ဦး ကလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည် များအား မေးမြန်းလာမှုအပေါ် ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

FacebookTwitter