မကွေးတိုင်းဒေသကြီး မူလတန်းကြိုကျောင်းများ ၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ ၊ ပုဂ္ဂလိကမူကြိုကျောင်းများ နှင့် ပရဟိတဂေဟာများ စုပေါင်း၍အာဇာနည်နေ့အကြိုလှုပ်ရှားမှုများ

နေပြည်တော်၊ဇူလိုင်  ၁၇ 

မကွေးတိုင်းဒေသကြီးအတွင်းရှိအစိုးရမူလတန်းကြိုကျောင်း၊မကွေးကလေးပြုစုရေးဌာနကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ နှင့် ပရဟိတဂေဟာမှ သားငယ်၊ သမီးငယ်များသည်အာဇာနည်နေ့အကြိုလှုပ်ရှားမှု

အဖြစ်ပန်းချီပြိုင်ပွဲများ၊စာစီစာကုံးပြိုင်ပွဲများ၊ပုံပြင်ကဗျာ၊သီချင်းနှင့်ကျပန်းစကားပြောပြိုင်ပွဲကို(၁၆.၇.၂၀၁၇)ရက်နေ့တွင်

မကွေးမူလတန်းကြိုကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ  ဆုရ  သားငယ်သမီးငယ်များအား ဆုများချီးမြှင့်ပြီး ယှဉ်ပြိုင်သည့်ကလေးများ

အားလုံးကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။

FacebookTwitter