နှစ်(၇၀)မြောက် အာဇာနည်နေ့အကြိုလှုပ်ရှားမှု ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ

ပုသိမ်၊ ဇူလိုင်၁၈

              (၁၅.၇.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပုသိမ်မြို့ မူလတန်ကြိုကျောင်း၌ နှစ်(၇၀)မြောက် အာဇာနည်နေ့အကြိုလှုပ်ရှားမှု ပန်းချီ၊ စာစီစာကုံးပြိုင်းပွဲများကို ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှကြီးမှု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

              ပြိုင်ပွဲများသို့ ပုသိမ်မြို့မူလတန်းကြိုကျောင်း၊ ကျုံပျော်မြို့နယ် မန်းကြာမြောက်မူလ တန်းကြိုကျောင်း၊ ပုသိမ်မြို့ပေါ်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁၀)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း( ၈ )ကျောင်း၊ လပွတ္တာလူငယ့်အားမန်သင်တန်းကျောင်း၊ပုသိမ်မြို့ကလေးပြုစုရေးဌာနနှင့်ကန်သုံးဆင့်လူငယ်ဖွင့်ဖြိုးရေးပရဟိတ

ဂေဟာတို့မှ ကလေးငယ် (၃၀)ဦးတို့ပါဝင်ပြီး ဆေးရောင်ချယ်ပန်းချီ၊ စိတ်ကူးယဉ်ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ တို့ကျင်းပ ပြုလုပ်ခဲ့ပါသည်။

FacebookTwitter