ကချင်ပြည်နယ်အတွင်း Mobile ဝန်ဆောင်မှုများဆောင်ရွက်ခြင်း
ကချင်ပြည်နယ်၊ ၂၄.၇.၂၀၁၇
မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ (၂၂.၇.၂၀၁၇)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာသို့ Mobile ဝန်ဆောင်မှုများဆောင်ရွက်ခြင်း အတွက် သွားရောက်ရာတွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပေါ်ဦးနှင့် တာဝန်ရှိဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးပေါ်ဦးမှ လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်း ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။