သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း စစ်ကိုင်းတိုင်းဒေသကြီး၊ သြဂုတ်၁ လူမှုဝန်ထမ်းဦးစီးဌာန၊ မုံရွာမူလတန်းကြိုကျောင်းဝန်ထမ်းများသည်(၂၉.၇.၂ဝ၁၇) ရက်နေ့မှ (၃ဝ.၇.၂ဝ၁၇) ရက်နေ့အထိ မုံရွာမြို့နယ်၊ ရွာတုံ၊ ထနောင်းဝင်း၊ ကျောက္ကာ(မ) ရွာ များသို့ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဟောပြောခဲ့ပါသည်။