ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲ
ရခိုင်ပြည်နယ်၊ မေ(၂၆)
ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲ
ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ရပ်ရွာအတွင်းရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် သက်မွေးဝမ်းကျောင်း ပညာများ ရရှိစေရန်အတွက် စစ်တွေမြို့နယ်၊ သက်ကေပြင် IDP စခန်းတွင် သင်တန်းသူ (၂၀)ဦးဖြင့်လည်းကောင်း၊ ဘောဒူဖ IDP စခန်းတွင် သင်တန်းသူ (၂၀)ဦးဖြင့်လည်းကောင်း (၂၅.၄.၂၀၁၇) ရက်နေ့မှ (၂၆.၅.၂၀၁၇) ရက်နေ့ အထိ စက်ချုပ်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ (၂၆.၅.၂၀၁၇) ရက်နေ့တွင် IDP စခန်းအသီးသီး၌ သင်တန်းဆင်းပွဲများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါသင်တန်းတွင် ထူးချွန် ဆုရရှိသူ (၂)ဦးစီ စုစုပေါင်း (၄)ဦးအား ခြေနင်းအပ်ချုပ်စက် (၁)စုံစီ ဆုချီးမြှင့်ခဲ့ပါသည်။
#unicode