ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး အား အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)(NSPAW)ဆိုင်ရာ ဗြိတိန်နိုင်ငံမှ အကြံပေးအဖြစ်တာဝန်ပေးအပ်ထားသူ MS. Deborah Livingstoneကလာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁-၆-၂၀၁၇

        ၁၉၉၇ခုနှစ်တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အမျိုးသမီးများ အား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ်(CEDAW)၏ အခြေခံ သဘောတရားများနှင့် ၁၉၉၅ခုနှစ်တွင်ချမှတ်ခဲ့သည့် ဘေဂျင်းလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW)ကို ၂၀၁၃ ခုနှစ်တွင်ထုတ်ပြန်နိုင်ခဲ့ပါသည်။ မဟာဗျူဟာ စီမံကိန်းရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖေါ်ဆောင်နိုင်မှု အားနည်းခဲ့ရပါသည်။ ယခုအခါတွင် အဆိုပါ မဟာဗျူဟာစီမံချက်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြံပေးအဖြစ် တာဝန်ပေးအပ် ထားသူ Ms.Deborah Livingstone သည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားအဆိုပါ ဝန်ကြီးရုံး မေခလာ ခန်းမတွင် ယနေ့(၁၄း၀၀)နာရီအချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

        ယင်းသို့တွေ့ဆုံရာတွင် Ms.Deborah Livingstone က အမျိုးသမီးစွမ်းပကား မြှင့်တင် ရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေးနှင့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး စသည့်လုပ်ငန်းများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ပြန့်ကျဲလုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ အကြံပေးအဖွဲ့အနေဖြင့် အဖွဲ့ အစည်း အမျိုးမျိုးမှ သီးခြားစီလုပ်ကိုင်နေသော လုပ်ငန်းများကိုစုစည်းလေ့လာထားပြီး ဖြစ်ပါ ကြောင်း၊ Action Plan အမျိုးမျိုးဖြင့်ဆောင်ရွက်နေမည့်အစား (NSPAW) မဟာဗျူဟာ စီမံကိန်းအောက်တွင် စုစည်းလုပ်ကိုင်နိုင်ပါကြောင်း၊ ယင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ အစည်းအဝေးတွင် နည်းပညာ လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ လုပ်ငန်းတာဝန်များသတ်မှတ်ရေးနှင့်သက်ဆိုင် ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုရရှိရေးကို ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကဏ္ဍ မှ ဆောင်ရွက်ပေးရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter