လူမှုဝန်ထမ်းဦးစီးဌာန နှင့်UNDP တို့အကြား စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့်အညီ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများအတွက်တွေ့ဆုံဆွေးနွေးခြင်း
နေပြည်တော်၊ ၂.၆.၂၀၁၇။
(၂.၆.၂ဝ၁၇)ရက်နေ့ နံနက်(၁ဝးဝဝ)နာရီအချိန်အတွင် UNDP အဖွဲ့မှ Planning and Budgeting Expert ဖြစ်သူ Mr. Juan Bester နှင့် ကိုယ်စားလှယ် (၁)ဦးပါဝင်သော အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊သက်ကြီးရွယ်အိုတို့အတွက် ကာကွယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။