ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများမှ မူကြိုကြီးကြပ်မှု ကော်မတီဝင်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်း
ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၂-၆-၂၀၁၇၊
လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဖွင့်လှစ်သည့် တာချီလိတ်မြို့အတွင်းရှိ ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများမှ မူကြိုကြီးကြပ်မှု ကော်မတီဝင်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်းကို တာချီလိတ်မြို့၊ ရန်ကုန်ရွာတွင် ကော်မတီဝင်(၃၅)ဦး ဖြင့် (၁၂-၆-၁၇)မှ (၁၃-၆-၁၇)အထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။