လူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးရေး သင်တန်းနှင့်စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ် ရေးမှူးသင်တန်းဖွင့်လှစ်ခြင်း
ကရင်ပြည်နယ်၊ ၁၂.၆.၂၀၁၇
ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇)မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှု့အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်း လူငယ်(၄၀)ဦးတို့အား ခေါ်ယူကာ ကရင်ပြည်နယ်အတွင်းရှိ လူငယ်များအကြားတွင် ဒေသအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် သုံးစွဲသူများအား မူးယစ်ဆေးဝါးဆိုးကျိုးများ၏ အန္တရာယ် အားသိရှိပြီး ဆေးဖြတ်ကုသသခြင်းနှင့် ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ (၁၂.၆.၂၀၁၇) ရက်နေ့မှ (၁၇.၆.၂၀၁၇)ရက်နေ့အထိ ဖွင့်လှစ်သော လူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ ပေးရေးသင်တန်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအား ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားကာ အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး မူးယစ်ဆေးစွဲနှင့် စိတ်ရောဂါ အထူးကုဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာဂျော်ထက်ဒိုးမှ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့် ဆောင်ရွက်လျက် ရှိပါသည်။