တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ၁၆.၆.၁၇ 

       မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၁၆.၆.၂၀၁၇) ရက်နေ့တွင် တိုင်းလူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဦးမျိုးသစ် နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေး၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပမည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

 

FacebookTwitter