ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် မိခင်ဝိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ထောက်ပံ့ကြေးကိစ္စရပ်များ ရှင်းလင်းခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၁၉.၆.၂၀၁၇
        မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်နိုင်သော မြို့နယ်၊ ကျေးရွာများတွင် ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် မိခင်ဝိုင်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ မလှိုင်မြို့နယ်နှင့် အမရပူရမြို့နယ်များ၌ ဖွင့်လှစ်ဆောင်ရွက်ထားသော မိခင်ဝိုင်း (၁၁) ဝိုင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးမည့်ကိစ္စရပ်အား မိခင်ဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ ထောက်ပံ့ကြေးကိစ္စရပ်များ ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိအစည်းအဝေးအား (၁၉.၆.၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပါသည်။

FacebookTwitter