မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အကြောင်း ဆွေးနွေးဟောပြောခြင်း

ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်၊ ၁၉.၆.၂၀၁၇

          တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သည့်အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက် နံရံစာစောင်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို (၁၉.၆.၂၀၁၇)ရက်နေ့တွင် အ.ထ.က (တာချီလိတ်)တွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ တာချီလိတ် ပြန်လည် ထူထောင်ရေးစခန်း မှဦးသိန်းဝင်း စခန်းမန်နေဂျာက မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်ပေး ရေးလုပ်ငန်းစဉ်အကြောင်းရှင်းလင်းဟောပြောခြင်း ရပ်ရွာနှင့်စခန်း အခြေပြု ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများအား မှတ်တမ်းဓာတ်ပုံ ပါဝင်ပြသခြင်းများဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter