UNCEDAW ကော်မတီသို့ ပေးပိ့ုတင်ပြရမည့် အစီရင်ခံစာနှင့် ပတ်သက်သော အကြောင်းအရာများ ညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ ၂၁.၆.၂၀၁၇
         UNCEDAW ကော်မတီမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပေါ် အကြံပြုသုံးသပ်ချက်များ (CEDAW Concluding Observations) (၅၆)ချက်နှင့်စပ်လျဉ်း၍ အပိုဒ် ၁၅(က)နှင့် (ဃ)၊ အပိုဒ် ၄၅(ဃ)နှင့် (စ)တို့အပေါ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲအစီရင်ခံစာအား (၂)နှစ်အတွင်း ပေးပို့ ရမည်ဖြစ်ပါ၍ ၂၀၁၈ ခုနှစ်တွင် UNCEDAW ကော်မတီသို့ ပေးပို့တင်ပြရမည့် ၎င်းအစီရင်ခံစာ နှင့် ပတ်သက်သော အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား (၂၀.၆.၂၀၁၇)ရက်နေ့တွင် လူမှု ဝန်ထမ်းဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်(၃၀)ဦး ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။

FacebookTwitter