ပဲခူးတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း
ပဲခူးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်၊ ဝေါမြို့နယ်၊ ရွှေကျင်မြို့နယ်၊ တောင်ငူမြို့နယ်၊ ကျောက်ကြီး မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်တို့တွင် (၁၅.၆.၂၀၁၇) ရက်နေ့ ၌ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံးများတွင် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ရာ၌ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများသွားရောက် ဆောင်ရွက်ခဲ့ပါသည်။