အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုလှုပ်ရှားမှု အနေဖြင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇
ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ (၂၆.၆.၂၀၁၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုလှုပ်ရှားမှုအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အကြောင်း အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သိရှိစေရန်ရည်ရွယ်၍ (၁၅.၆.၂၀၁၇) ရက်နေ့တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့် World Vision (Myanmar) တို့ပူးပေါင်း၍ ကျောင်းသား/သူ တက်ရောက်အင်အား (၂၀ဝ)ဦးဖြင့် ဖျာပုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။