ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းမိတ်ဆက်အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၇.၆.၂၀၁၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဥိးစီးဌာနနှင့် UNICEF (မြန်မာ), The Leprosy Mission (မြန်မာ)တို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် အရာတော်မြို့နယ်များတွင် ဇွန်လ (၂၆)ရက်နေ့တွင် လည်းကောင်း၊ မုံရွာမြို့နယ်တွင် ဇွန်လ (၂၁)ရက်နေ့တွင် လည်းကောင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းမိတ်ဆက်အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။