ပြည်သူ့ရေးရာ ဝန်ဆောင်မှုပေးသည့် ကဏ္ဍများတွင် ကျား၊မအမြင်ရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၇.၆.၂၀၁၇
မင်္ဂလာသိဒ္ဓိရပ်ကွက် ၊ဓမ္မာရုံ၌ လူမှုဝန်ထမ်းဦးစီးဌာနသည် Action Aid Myanmarနှင့် ပူးပေါင်း၍ ပြည်သူ့ ရေးရာဝန်ဆောင်မှုပေးသည့် ကဏ္ဍများတွင် ကျား၊မအမြင်ရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၄.၆.၂၀၁၇)ရက်နေ့မှ (၂၅.၆.၂၀၁၇)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် Action Aid Myanmar မှ Women’s Right Adviser Mrs.Shameem မှ ဦးဆောင်ဆွေးနွေး၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့မှ အရာထမ်း၊အမှုထမ်း (၅၁)ဦး တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကျား၊မရေးရာအခြေခံသဘော တရားများ ကျား၊မတန်းတူညီမျှမှုနှင့်သာတူညီမျှမှုများ အလိုက်သင့်တုံ့ပြန်မှု၊ လတ်တလော လိုအပ်ချက်များနှင့် ရေရှည်အတွက်လိုအပ်ချက်များ လူမှုဝန်ထမ်းဦးစီးဌာနမှအမျိုးသမီးများ အတွက်ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများနှင့်လိုအပ်ချက်များ၊ အဆိုပါဝန်ဆောင်မှုများ အပေါ်ပြည်သူများအတွက် ဝန်ဆောင်မှုရရှိရန် ပြည်သူအားလုံး လက်လှမ်းမီစေရန်၊ လက်ခံ လာစေရန်နှင့် ပြည်သူများပိုမိုကောင်းမွန်သော အခြေအနေသို့ ပြောင်းလဲလာစေရန်မည်သို့ ဆောင်ရွက်မည် ကို ဆွေးနွေးခဲ့ကြပါသည်။ ၂၀၁၇၊ ဇူလိုင်လအတွင်းတွင်လည်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့မှဝန်ထမ်းများနှင့် ထပ်မံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။