လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့ တိုင်ကြားလာခြင်းကိစ္စ ဆောင်ရွက်ပေးမှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့ တိုင်ကြားလာခြင်းကိစ္စ ဆောင်ရွက်ပေးမှု
နေပြည်တော်၊ ၂၉.၆.၂၀၁၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ တိုင်ကြားလာသော မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ၊ တံခွန်တိုင်ကျေးရွာနေ အဘွားဒေါ်ကံကြည်၊ အသက်(၇၅)နှစ်၏ အမွေပုံစီမံခန့်ခွဲမှုမျှတစေရေး ၊ မိမိပိုင်နေအိမ်လက်ဝယ်ပြန်လည်ရရှိရေး တိုင်စာနှင့် ပတ်သက်၍ (၂၂.၆.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် အဖွဲ့သည် နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းသွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ တိုင်ကြားသူအဘွားဒေါ်ကံကြည်၊ တိုင်ကြားခံရသူများဖြစ်သည့် မစန်းနွဲ့ ၊ မမြသိန်းနှင့် တွေ့ဆုံ၍ စိစစ်မေးမြန်းခြင်း ၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ သွားရောက်ပြုလုပ်ပေးခဲ့ပါသည်။