အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးတို့၏အသံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၉.၆.၂၀၁၇
(၂၈.၆.၂၀၁၇) ရက်နေ့ ၊ နံနက် ( ၁၁း၀၀) နာရီအချိန် မော်လမြိုင်မြို့ ၊ Royal Hinthar Hotel တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးတို့၏အသံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါစံဝင့်ခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး
MWCUC CSO ဥကဌမှ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားခြင်း၊ Triangle Women's Support Group ၏ Director ဒေါခင်လေးမှ အစိုးရဌာနဆိုင်ရာများ၊အရပ်ဘက်အဖွဲ့အစည်းများ
နှင့် အမျိုးသမီးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးတင်ပြပါသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်နယ် ဒု- ရဲမှူး ဒေါဝင်းသိဂီ က ပြောကြားခြင်း ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှုး ဦးကိုကိုနိုင်က လူမှုဝန်ထမ်းမှ ဆောင်ရွက်လျှက်ရှိသည့် အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းများ
အကြောင်း ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် MWCUC ဥကဌ ဒေါခင်သန်းထွေးမှ ကျေးဇူးတင်စကား ပြောကြားပြီး ဆွေးနွေးပွဲကို မွန်းလွဲ ( ၁၃ း ၃၀ ) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ Case Manager များ
မိခင်နှင့် ကလေး ၊ အမျိုးသမီးရေးရာ ၊ INGOs , NGOs , CSOs များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြ
ပါသည်။