အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးများတရားမဝင်ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေးနေ့အကြိုလှုပ်ရှားမှု မူးယစ်ဆေးဝါးအနရာယ်အသိပညာပေးဟောပြောပွဲ ကို ကျင်းပ

နေပြည်တော်၊ ၂၉.၆.၂၀၁၇

 

(၂၁.၆.၂၀၁၇) ရက်နေ့ ၊ နံနက်( ၀၉း၃၀) နာရီအချိန် မော်လမြိုင်မြို့ ၊ အထက(၆)ခန်းမတွင်မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး နှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) တို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်
ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးများတရားမဝင် ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေးနေ့
အကြို လှုပ်ရှားမှုအနေဖြင့် မူးယစ်ဆေးဝါးအနရာယ်အသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲ တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှုး ဦးကိုကိုနိုင် က အဖွင့်အမှာစကား ပြောကြားပြီး

 

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း ( မြန်မာ) ဗဟို ဥကဌ ဦးစံရှိန် မှ အဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်

များ ရှင်းလင်းပြီး၊ အဖွဲ့၏ လူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် ဦးချစ်ချော မှ မူးယစ်ဆေးဝါး၏

ဆိုးကျိုးများကို ဥပမာ ၊ သာဓက များဖြင့် ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အဖွဲ့၏ ဗဟို အတွင်းရေးမှူး

ဒေါ ခင်ခင်ဝင်းမှ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် HIV / AIDS ရောဂါအကြောင်းကို ကျောင်းသား/ သူမာျးအား

ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့(မြန်မာ) မှ

ထုတ်ဝေသည့် စာအုပ်များကို အဖွဲ့မှ လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်တိုးမှ လက်ခံရယူပြီး ကျေးဇူးတင်

စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား / သူ များ မျ ဇာတိမာန် သီချင်းဖြင့် သီဆိုကာ ဟောပြောပွဲကို

နံနက် (၁၂း၁၀) နာရီခန့်တွင် ရုပ်သိမ်းလိုက်ပါသည်။ အလားတူ မော်လမြိုင်မြို့ ၊ အထက(၁) တွင်လည်း အဆိုပါ

ဟောပြောပွဲကို မွန်းလွဲ ( ၁၃ း ၁၅ ) နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူ ကျောင်းသား/သူ စုစုပေါင်းဦးရေမှာ ကျော်ငး(၂) ကျောင်းပေါင်း ( ၁၂၀၀) ဦးကျော်ခန့်ဖြစ်ပြီးအထက်တန်းအဆင့် ကျောင်းသား/ သူ များအား ဟောပြောခဲ့ခြင်းဖြစ်ပါသည်။

FacebookTwitter