မိုင်းအန္တရာယ်အသိပညာပေးရေးအဖွဲ့ ညှိနိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ၂၉.၆.၂၀၁၇

           ကချင်ပြည်နယ်မြစ်ကြီးနားမြို့ City Park Royal အစည်းအဝေးခမ်းမ၌ ပြည်နယ်မိုင်းအန္တရာယ်အသိပညာပေးရေးအဖွဲ့ ညှိနိုင်းအစည်းအဝေးကို   ၂၇-၆-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Dr သင်းလွင် တက်ရောက် ချီးမြှင့်ခဲ့ပါကြောင်းနှင့်  ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ ဆက်စပ်ဌာနဆိုင်ရာများ ကြက်ခြေ နီတပ်ဖွဲ့ ဝင်များ UNICEF, INGO ,NGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ 

          အဆိုပါ အခမ်းအနားတွင်လူမဝန်ထမ်းဦးစီးဌာန(နေပြည်တော်) မှဒုတိယညွန်ကြားရေးမှူ း ဒေါ်လဲ့ယဉ်ဝင်းက မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းအဖွ့ဲဖွ့ဲစည်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော လွှတ်တော်ကိုယ်စာလှယ်များ ပြည်နယ် ခရိုင်မြိူ့နယ်အဆင့်ဌာနဆိုင်ရာများ လူမူရေးအဖွ့ဲအစည်းများက သတင်းနှင့်အချက်အလက် စီမံခန့်ခွဲခြင်း မိုင်းနှင့်ပတ်သက်သည့် ဖြစ်ရပ်များ ဖြစ်စဉ်များအား လေ့လာသုံးသပ်ခြင်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မူများနှင့် Form(ပုံစံ)အားလေ့လာသုံးသပ်ခြင်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများအားဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter